Saturday, March 12, 2011

နောင်တခေတ်ရဲ့ အောင်စစ်သည်များအတွက် သင်ခန်းစာ

အမိ စစ်တက္ကသိုလ်ကြီးကို ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျနော်တို့
ဗိုလ်လောင်းအသစ်တွေကို ကြိုဆိုပွဲဆိုပြီး စီနီယာ ဗိုလ်လောင်းတွေက စီစဉ်ပေးမယ်လို့
ကျနော်တို့ကို ပြောကြပါတယ်။ ကြိုဆိုပွဲ နေ့မှာတော့ ဗိုလ်လောင်းတွေနေတဲ့
ဟောခန်းကြီးထဲက ကုတင်တွေ စားပွဲတွေကို နေရာရွှေ့တယ်။ စားပွဲတွေ ကုလားထိုင်တွေမရှိတဲ့
အခန်းမှာ ဘယ်ပုံဘယ်နည်းနဲ့ ကျနော်တို့ကို ကြိုဆိုပွဲလုပ်မှာလဲ ဆိုပြီးလည်း
စဉ်းစားမိလိုက်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ကြိုဆိုပွဲအတွက် အချိန်ကျပြီ၊
ဟောခန်းထဲကို ဝင်ရတော့မယ်ဆိုတဲ့ အသံကြောင့်ပဲ စောစောက တွေးနေတာတွေ ပြတ်သွားပါတယ်။


burma_army_crdit

Friday, March 4, 2011

လက်နက်ကိုင်အင်အားစုများ ပြည်ပရောက် ဒီမိုကရေစီအင်အားစုများ ပူးပေါင်း လုပ်ဆောင်ရမည့် အလုပ်သင့်ဆုံးအလုပ်မှာ ...



ထွန်းအောင်ကျော်
(ရေးသူအာဘော်သာဖြစ်သည်)

ကျနော် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင် ဥရောပရောက်မြန်မာများ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ပြီး နောက် နယ်စပ်ဒေသတိုင်းရင်းသားများ၏ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council) ကို ဖွဲ့စည်းကြောင်း သတင်းထွက်လာခဲ့ပြန်သည်။ ပြည်တွင်းတွင် လည်း နအဖက စစ်အာဏာရှင် တည်တံ့နိုင်ရန် ကြိုးစားနေခဲ့သည်။ ထိုအခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ် ပြီး ကျနော့်အမြင်ကို တင်ပြလိုက်ပါသည်။

တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး

တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးသည် တပ်ပေါင်းစုများဖွဲ့ပြီး နိုင်ငံရေးအရ ပူးပေါင်းလုပ်ဆောင်မှုများ သာ အတိတ်က ရှိခဲ့ပေသည်။ National Democratic Front (NDF) သည် တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့အစည်းများ၏ တပ်ပေါင်းစုဖြစ်သည်။ Democratic Alliance of Burma (DAB) ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်ကြီး (မဒတ) သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ပေါင်းစု (NDF) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် မြန်မာအဖွဲ့အစည်းများပါဝင် သည့် ပိုမိုကျယ်ပြန့်သည့် တပ်ပေါင်းစုတခုအဖြစ် ABSDF ဖွဲ့စည်းပြီး မရှေးမနှောင်း ပေါ်ပေါက်လာခဲ့သော အ ဖွဲ့ကြီးဖြစ်သည်။ နောင် ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ နယ်စပ်သို့ ထွက်ပြေးလာပြီးနောက် ၁၉၉၀ ရွေး ကောက်ပွဲရလဒ်ကို ခုတုံးလုပ်၍ အမတ် (၁၀) ယောက်ကျော်နှင့် NCGUB အစိုးရဖွဲ့သောအခါ ထိုအစိုးရကို ထိန်းညှိရန် အမျိုးသားကောင်စီ (NCUB) National Council of Union of Burma ဆိုသည့် တပ်ပေါင်းစုတခု ထပ်ပေါ်လာပြန်ပါသည်။ ထို့နောက် NCUB တွင် NLD (LA), MPU တို့ ထည့်ပေါင်းပြီး NCGUB မှ နှုတ်ထွက် သွားခဲ့သည်။ NCUB နှင့်တခါ ၈၈ အုပ်စုတို့ဖြင့် Seven Alliance ကို ထပ်ဖွဲ့ပြန်သည်။